မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း
12 June 2014
သမ္မတဦးသိန်းစိန်လက် ထက်တွင် ပထမဆုံးအကြိမ်အ ဖြစ်
အခြားနိုင်ငံသားခံယူထား သည့် မြန်မာလူမျိုးနှစ်ယောက်ကို
အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြားနိုင်ငံ၌ ရောက်ရှိနေသည့်
နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို
အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို
ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား
အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်မွေးဖွားပြီး
အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန်
နိုင်ငံသားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို
မြန်မာနိုင်ငံသို့ပြေးဆွဲနေသော နိုင်ငံတကာလေကြောင်းလိုင်းများတွင်
တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
‘‘အခုမှ
အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို
ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့ မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့
ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်လက ဗီဇာသက်တမ်းလွန်
နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန်
အကြောင်းကြားခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင်
ရောက်ရှိနေခြင်းဖြစ်သည်။
‘‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို
တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ
လက်ရှိငြိမ်းချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ
ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်လုံးပွင့်ပွင့်
လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု
ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် မိုးသီးဇွန်ကအွန်လိုင်းမှ
တစ်ဆင့်ပြောကြားသည်။
ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ
မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်ထားခဲ့သော်
လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန်
ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း မည်သည့်အချိန်တွင်
ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း
မိုးသီးဇွန်ကပြောသည်။
ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို
ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်အဖြစ်
အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။
သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ ခြောက်ထောင်ကျော်အနက် နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။
Author: အိဖြူမွန်
7Day Daily
https://www.facebook.com/thant.zin.50115161?fref=photo
Thursday, June 12, 2014
မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး
12 June 2014
မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။
ထိုစဉ် လျှပ်စီးလက်ပြီး ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင် ကြေမွပျက်စီးခဲ့သည်။ ဖုန်းအတွင်းရှိ သံလိုက်ဓာတ်ပွင့်ကာ ခန္ဓာကိုယ်(သို့)ထိခိုက်မိပြီး ယင်းနေရာ၌ သေဆုံးနေခြင်းဖြစ်သည်။
‘‘ဖုန်းဖွင့်ထားချိန်ဆို ဖုန်းက နေ လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်ပေးနေတယ်။ တာဝါတိုင်က နေလည်း စက်ဝိုင်းပုံလှိုင်းထုတ် ပေးနေတာ ချိတ်မိတဲ့အခါ လိုင်း မိပြီး ဖုန်းသုံးလို့ရတာ။ မိုးခြိမ်း လိုက်တဲ့အခါ အထူးသဖြင့် မိုး ကြိုးပစ်လိုက်ရင် လျှပ်စစ်သံလိုက် စက်ကွင်းမိသွားတဲ့အခါ သံလိုက် ဓာတ်က လူ့နှလုံးကို ရှော့ခ်ဝင်ပြီး နှလုံးရပ်လို့ သေသွားတာပဲ’’ ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်သူ ကိုအောင်သူရက ပြောသည်။
မိုးခြိမ်းသံကြားရပါက လျှပ်စစ်ဓာတ် အသုံးပြုရသည့် မီးလုံး၊ မီးချောင်းများနှင့် ဟန်းဖုန်းကဲ့သို့ လှိုင်းလွှင့်ထုတ် အသုံးပြုရသည့် ပစ္စည်းများ သံလိုက်စက်ကွင်းမိပြီးပျက်စီးတတ်သောကြောင့် ပိတ်ထားသင့်သည်ဟု သိရသည်။
ပဲခူးမြို့နယ်၊ ကလိကျေးရွာတွင် ရပ်ထားသည်ကားအား ကုန်တင်ကားမှ ၀င်တိုက်မှုဖြစ်
=========================================================
၁၁-၆-၂၀၁၄ ရက်နေ့ နံနက်(၆း၃၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊ အ၀ိုင်းကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်၊ ၅၄/၀ နှင့် ၅၄/၁ အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကျော်နိုင် (၄၉)နှစ် (ဘ)ဦးကြည်၊ (၆)လမ်း၊ မြို့သစ်(က)ရပ်ကွက်၊ ဒိုက်ဦးမြို့နေသူမောင်းနှင်လာသော 2A/xxxx ဟိုင်းလတ် အဖြူ ရောင် အမှတ်(၅)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ခရီးသည်ဆင်းရန်ရပ်ထားစဉ် ယာဉ်ကြောတစ်ကြော တည်း အနောက်ဘက်မှ စိုးညွန့်အောင် (၄၇)နှစ် (ဘ)ဦးတင်အောင်၊ အမှတ်(၁၆)ရပ်ကွက်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာသည့် 3G/xxxx နစ်ဆန်း(၁၂)ဘီး ဖြူပြာကြား ကုန်တင်ယာဉ်မှ ၀င်တိုက်မိသဖြင့် ကုန်တင်ယာဉ် မှာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျသွားပြီး ဟိုင်းလတ်ယာဉ်ပေါ်ပါ ခရီးသည် ကျား (၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရရှိသဖြင့် ယာဉ်အားပေါ့ဆစွာမဆင်မခြင်မောင်းနှင်သူ စိုးညွန့်အောင်အား ပဲခူးမြို့မရဲစခန်း ယာဉ် (ပ)၃၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
https://www.facebook.com/photo.php?fbid=337946193025014&set=a.144354445717524.32127.100004289080333&type=1
Friday, May 23, 2014
မိုးရာသီလျက်စစ်မီးပျက်ခြင်း
အဖြေရှာကြည့်ခြင်း
သွယ်တန်းထားသောလျက်စစ်မီးကြိုးများအောက်တွင်စိုက်ပျိုးထား
သောသစ်ပင်သစ်ကိုင်းများအား
ရှင်းလင်းခြင်းမရှိခြင်း လေတိုက်မှုကြောင့်မီးကြိုးများအား
သစ်ကိုင်းပွတ်တိုက်၍လိုင်းဖော့ဖြစ်
နိုင်ပါသည် ယနေ့လျက်စစ်ဝန်ထမ်းများသည်
လိုင်းသန့်ရှင်းရေးအားပြုလုပ်ခြင်း
မရှိပါလူအင်အားမရှိကြောင်းအ
ကြောင်းပြကြပါသည်လက်ဘက်
ရည်ဘိုးရနိုင်မည့်အလုပ်ဆိုလျင်
အားကြိုးမန်တတ်လုပ်ကြပါသည်
မိုးရွာလျင်လိုင်းဖော့ဖြစ်မှာဆိုး၍
လိုင်းအားကြိုတင်ပိတ်တဲ့အကျင့်
လုပ်ကြပါသည်
အမှန်ဆိုပွင့်လင်ရာသီတွင်လိုင်းသန့်ရှင်းရေးလုပ်သင့်ပ့ါသည်
ပိုင်ရှင်ရှ်သောသစ်ပင်များအားသန့်
ရှင်းရေးလုပ်ခိုင်းသင့်ကြောင်း
ဥာဏ်မီသလောက်အကြံပြုပါသည်
https://www.facebook.com/thant.zin.50115161
ပဲခူးပြည်သူ့ဆေးရုံက ကွက်လပ်ကလေးဖြည့်ပေးပါ.....
===================================
ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ယခုရက်ပိုင်းအတွင်း နာမကျန်းလူနာများ၊ ခိုက်ရန်ဒေါသဖြစ်၍ ရောက်ရှိလာသောလူနာများ၊ ယာဉ်တိုက်/တိမ်းမှောက်မှုများဖြင့် ရောက်ရှိလာသောလူနာများနှင့် ဆေးရုံကြီးတွင် ကုတင်မဆံ့၊ အခန်းမဆံ့အောင်ဖြစ်နေပါသည်။ အဆိုးဆုံးကတော့ ဓါတ်မှန်ရိုက်ဌာနမှ ဓါတ်မှန်စက်မှာ ၁၄-၅-၂၀၁၄ ရက်နေ့မှ ယနေ့အထိ စက်ချို့ယွင်းကာ ဓါတ်မှန်ရိုက်မရသဖြင့် ဓါတ်မှန်ရိုက်ရန်လိုအပ်သော လူနာများအား အပြင်ပုဂ္ဂလိကဌာနတွင်သာ သွားရောက်ဓါတ်မှန်ရိုက် နေရပါသည်။ ဓါတ်မှန်ရိုက်ခငွေမှာ ၇၀၀၀ ကျပ်ခန့်သာ ကုန်ကျသော်လည်း လူနာများ ပြင်ပပုဂ္ဂလိကဌာနတွင် သွားရောက်ရိုက်ရခြင်းကြောင့် သွားလာရာတွင် အခက်အခဲရှိခြင်း၊ နေပူလိုက် မိုးရွာလိုက်ဖြစ်ခြင်းတို့ကြောင့် လူနာများ အခြားရောဂါများပါ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများနှင့် ပဲခူးမြို့နေ ငွေကြေးပြည့်စုံသောစေတနာရှင်များ ပူးပေါင်းပြီး ပဲခူးဆေးရုံကြီး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ပါရန် လေးစားစွာ အကြံပြုရေးသားလိုက်ရပါသည်။
Thant Zin
https://www.facebook.com/thant.zin.50115161
ပဲခူးမြို့မရဲစခန်းအပိုင်တွင် (၂)ရက်အတွင်း ယာဉ်တိမ်းမှောက်မှု (၄)ကြိမ်ဖြစ်ပွား
==========================================
ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်တွင် ၁၉-၅-၂၀၁၄ ရက်နေ့ နှင့် ၂၀-၅-၂၀၁၄ ရက်နေ့များတွင် ခရီးသည်တင်ဆောင်လာသည့် ဟိုင်းလတ်ယာဉ် (၄)ကြိမ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပွားပုံမှာ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် လမ်းမကြီးချဲ့ရန်အတွက် လမ်းပုခုံးတွင် ဖို့ထားသော မြေကြီးများသည် အသားမသေဘဲ မိုးရွာသည့်အခါ၌ လမ်းပေါ်သို့ ရွံ့များဖြစ်ကာ လမ်းပေါ်သို့ရောက်ရှိ ပြီး လမ်းမကြီးပေါ်တွင် အရှိန်ဖြင့်မောင်းနှင်လာသော မော်တော်ယာဉ်များမှာ ရွံ့ ဖြင့်ချော်ကာ အရှိန် မထိန်းနိုင်ဘဲ စလစ်ဖြစ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယာဉ်တိမ်းမှောက်မှုများကြောင့် ခရီးသည်များ သေပျောက်မှုမရှိသော်လည်း ယာဉ်တိမ်းမှောက်မှု (၄)ကြိမ်တွင် လူ(၃၀)ထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်တိုင်းတွင် ယာဉ်မောင်းများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် ပြိုင်ပွဲဝင်လက်ရာများ တိုင်းအဆင့် ဆုရွေးချယ်ခြင်းအခမ်းအနား
ကျင်းပ
================================================
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရဲရိပ်သာ၌ ၂၂-၅-၂၀၁၄ ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစကာ၊ ကွန်ပျူတာ(ပန်းချီ/ပိုစတာ)ပြိုင်ပွဲဝင်လက်ရာများ တိုင်းအဆင့် ဆုရွေးချယ်ခြင်းအခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်သန်း ခေါင်းဆောင်သည့် တိုင်းအဆင့်ဆုများ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့ ဖြင့် ပြိုင်ပွဲဝင် ပန်းချီ၊ ကာတွန်း၊ ပိုစကာ၊ ကွန်ပျူတာ(ပန်းချီ/ပိုစတာ) ပြိုင်ပွဲဝင် လက်ရာများအား အတည်ပြုရွေးချယ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း)ဒုရဲမှူးကြီး နိုင်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ပြိုင်ပွဲဝင်လက်ရာစိစစ်ရေးဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
ပဲခူးမြို့ပုဏ္ဍားစုရပ်ကွက်မေ
https://www.facebook.com/thant.zin.50115161
ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပညာသင်စရိတ်ပေးအပ်ပွဲကျင်းပ
======================================================
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၃-၅-၂၀၁၄ ရက်နေ့ နံနက်(၁၁း၃၀)အချိန်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပဲခူး မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်သိန်းမောင်မှ အမှာစကားပြောကြားပြီး ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသား/သမီးများတွင် မူလတန်းမှ တက္ကသိုလ်ထိ ပညာတက်ရောက်သင်ကြားနေသော ကျောင်းသား/သူ (၅၇)ဦးအား စုစုပေါင်းထောက်ပံ့ကြေးငွေ ၅၂၀၀၀၀ ကျပ်တန်ဖိုးရှိ ပညာသင်ထောက်ပံ့ကြေးငွေနှင့် ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့မှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Wednesday, May 14, 2014
နွေစပါး
ပဲမျိုးစုံတို့နှစ်စဉ် ရေနစ်မြုပ်မှုကြောင့် ဒေသခံတောင်သူ
၁၀၀ကျော်ဒုက္ခရောက်နေးမှုအား ပဲခူးဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်ဦးဉာဏ်ဝင်းထံလိပ်မူပြီး သက်ဆိုင်ရာဌာနများသို့ မိတ္တူများကို(17-22014)ရက်ေ န့တွင်တောင်သူကြီးများလက်မှ က်ရေးထိုး
တိုင်ကြားခဲ့သောလည် ရေများမနှစ်မြုပ်ရန် ကာကွယ်ထားသော်
လယ်ကန်သင်ရိုးများကို ချိုးဖောက်ဖျက်ဆီးသော အင်းသူကြီးနှင့်အဖွဲ့အား
အရေးယူးဆောင်ရွက်ပေးခြင်းမရှိသဖြင့် First Weekly Vol.3 -NO.125 ဂျာနယ်တွင်ပါရှိသည် လူထုအသံကဏ္ဏမှဖော်ပြလာသည်ကို တွေရှိရသည်
နွေစပါးပဲမျိုးစုံတို့နှစ်စဉ် ရေနစ်မြုပ်မှုကြောင့် ဒေသခံတောင်သူ ၁၀၀ကျော်ဒုက္ခရောက်နေးမှုအား ပဲခူးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဉာဏ်ဝင်းထံလိပ်မူပြီး သက်ဆိုင်ရာဌာနများသို့ မိတ္တူများကို(17-22014)ရက်နေ့တွင်တောင်သူကြီးများလက်မှက်ရေးထိုး တိုင်ကြ..
https://www.facebook.com/aung.myat.56614?fref=pb&hc_location=friends_tab
ညောင်ရေသွန်းပွဲ စည်ကားစွာ
ကျင်းပ
****************
မေလ ၁၃ ရက်နေ့(ဗုဒ္ဓနေ့)တွင်
နှစ်၁၀၀ ပြည့်မြောက် ညောင်ရေသွန်း
ပွဲ ကိုကျင်းပရာ နံနက်ပိုင်းတွင် သံဃာ
တော်အပါး ၁၀၀ အား ဝထ္ထုငွေနှင့်
လှူဖွယ်များ ကပ်လှူခြင်း၊နေ့ဆွမ်း
ကပ်လှူခြင်းများ ပြုလုပ်ခဲ့သည်။
နေ့လည်တွင် စတုဒီသာများကျွေး
မွေးဧည့်ခံကာ
ညောင်ရေသွန်းပွဲ ကျင်းပခဲ့ရာ ပရိတ်အသင်းများ၊ညောင်ရေသွန်းလောင်း
သူများစည်ကားခဲ့ကြောင်းပါ။
(မ.ဘ.သ)မှဟောပြောပွဲပြုလုပ်
မြန်မာအမျိုးသားရေးစိတ်စာတ်
5 5 2014 ရက်နေ့တွင် ၆၈ နှစ်မြှောက်
မီးသတ်တပိဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆို အားဖြင့် သာယာဝတီ မြို့. မီးသတ်
ဦးစီးအရာရှိ ဦးကျော်ကျော် ပါ တပ်ဖွဲ့
ဝင် ၈၀ ခန့်သည် ။
ယနေ့ နံနက် ၇း၀၀ခန့်တွင် သာယာဝတီမြို့ ပေါ်ရှိ ဘုရား များကို ရေသပ္ပာယ်ခြင်း ရင်ပြင်တော် ကိုသန့်ရှင်းရေးလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးခဲ့သည် ။
လူမှုရေးဖောက်ပြန်သည့်မယားအား
ဒါးနဲအချက်များစွာခုတ်သတ်
*************
အုတ်ဖိုမြို့နယ်၊ဗိုလ်ရုံစုရွာမှာ ၇၊၅၊၂၀၁၄ ၊နေ့လည်က
လူမှုရေးဖောက်ပြန်သည့်မယား
အား ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ
စောသောကြာ က ဒါးနဲ့ ခုတ်သတ်
ခဲ:့ကြောင်း၊၎င်း ကိုယ်တိုင်ဝန်ခံထားကြောင်းသတင်း ရရှိသည်။ှ
www.facebook.com/tinkoko.htut.7?hc_location=timeline
ဒါးနဲအချက်များစွာခုတ်သတ်
*************
အုတ်ဖိုမြို့နယ်၊ဗိုလ်ရုံစုရွာမ
လူမှုရေးဖောက်ပြန်သည့်မယား
အား ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ
စောသောကြာ က ဒါးနဲ့ ခုတ်သတ်
ခဲ:့ကြောင်း၊၎င်း ကိုယ်တိုင်ဝန်ခံထားကြောင်းသတင်း
www.facebook.com/tinkoko.htut.7?hc_location=timeline
လက်ပံတန်းမြို့ ပေါက်ကုန်းရပ်ကွက်
တောရကျောင်းတိုက် ငါးပြားဓမ္မာရုံကြီး၌ နှစ်ပေါင်း၁၂၂နှစ် သက်တမ်းရှိသော
ကြေးဆင်းတုတော်ကြီးအား ရောင်တော်ဖွင့်ကုသိုလ်ယူ
ရပ်/ကျေး စာရေးများအား လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင်လှစ်ပို့ချ
လက်ပံတန်း၊မေ ၇
ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ရပ်/ကျေးစားရေး(အငယ်တန်းစာရေး)များအား လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းပိုချ လျှက်ရှိကြောင်းသိရှိရသည်။
သင်တန်းဖွင့်ပွဲအား လက်ပံတန်းမြို့နယ်အထွေထွေ အုပ်ချပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌်(7-5-2014)ရက်နေ့ နံနက်(9)နာရီတွင်ပြုလုပ်ကျင်ပခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟ၊ဒုမြို့နယ်အုပ်ချုပ်ရေမှူး ဦးတင်နွယ်၊ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းအောင်နှင့်ဝန်ထန်းများတက်ယောက်ခဲ့ကြသည်
၎င်းသင်တန်းအား သင်တန်းသား သင်တန်းသူ(၅၁)ဦးတက်ေ
ယာက်ကာ (15-5-2014)ရက်နေ့အထိ (2)ပက်ကြာသင်ကြားပိုချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အထွေထွေအုပ်ချုပ်ရေးဝန်းထမ်းအ ဆင့်ဆင့်အနေဖြင့် မိခင်လုပ်ငန်းများအား နားလည်တတ်ကျွမ်းရုံမက သက်ဆိုင်ရာ ဘေးနံငှာနအသီးသီး အထက်အောက်ငှာနအသီးသီးတို့ဖြင့် ဦးစီးတာဝန်နှင့်အညီ လုပ်ကိုင်နိုင်ပြီး ပြည်သူကိုအကျိုးပြုသော အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများ ဖြစ်ပေါ်စေရန် အထောက်အကူပြုပါကြောင်း ဒုတိယဦးစီးမှူးဦးငြိမ်းချမ်းအောင်မှ ပြောသည်။
Tuesday, May 13, 2014
၂၉ ၄ ၂၀၁၄ ရက်နေ့ ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်ခန်းမဆောင်တွင်ကျင်းပခဲ့ သော(A.F.F.M)ညီလာခံသတင်းဓါတ်ပုံ
ြ
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် [AGRICULTURE AND FARMER FEDERATION OF MYANMAR (A.F.F.M)]်
ပဲခူး-စစ်တောင်းတူးမြောင်းစီမံကိန်းကြောင့်ျဝါမြို့အရှေ့ဘက်ကမ်းတွင်ရှိသော ဆန်စက်ဖွဲခွံဂိုဒေါင်နှင့်အခြား အဆောက်အဦးတချို့ဖယ်ရှားပေးရကြောင်းသတင်းရရှိထားသည်စားသောက်ဆို င်တန်းများ၏နောက်ဘကအဆောက်အဦးများလည်းပါဝင်ကြောင်းဆက်လက်သိရှိရ သည်၎င်းစီမံကိန်းကိုမေလအကုနတွင်အပြီးသတ်ရမှာဖြစ်ပြီးကျပ်သန်း ၂၅၀၀၀ ကုန်ကြခံ၍တူးဖေါ်ခြင်းဖြစ်သည်တူး မြောင်းအရှည်မှာ ၃၇ မိုင် ၇ ဖါလုံရှိသည်
ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်မှ ဓါးထိုးမှုကျူးလွန်သူမျာအား ရဲမှချက်ချင်းဖမ်းမိ
========================================
၁၆ ကြိမ်မြောက် ယခင်မင်းရွာ အ.လ.က
ဆရာကန်တော့ပွဲနှင့် ကျောင်းသား၊ကျောင်းသူ ဟောင်းများ မိတ်ဆုံစားပွဲ။
၂၉.၁၂.၂၀၁၃ မင်းရွာ၊သနပ်ပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
ပုံ(၁) ဆရာ၊ဆရာမကြီးများအားကန်တော့နေစဉ်။
ပုံ(၂) ကိုနေ၀င်း(ကျောင်းသားဟောင်း)မှ အကြံပြုစကားပြောကြားစဉ်။
ပုံ(၃) ကျောင်းသူဟောင်း ဆရာမမလိုင်လီ(မုတ္တခမူ အ.ထ.က ကျိုက်ထိုမြို့နယ်)မှ ပူဇော်ကန်ုတော့စဉ်။
ပုံ(၄) ဦးကိုကို(ကျောင်းသားဟောင်း) ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ကူညီပေးနေစဉ်။
ပဲခူး
မြို့ မှဗိုလ်ချုပ် တို့ မင်္ဂလါဦးည ..................... ဒီ နေ့
ဗိုလ်ချုပ်မွေးနေ့ မှာ ပဲခူး မြို့ က ဗိုလ် ချုပ် နဲ့ ပါတ်သက် ခဲ့ တဲ့ အထင်
ကရ နေရာ တစ်ခု ကို မှတ် တမ်း တင် ပါမယ် လွတ် လပ်ရေး ကြိုး ပမ်း စဉ် ကါ
လမှာ ဗိုလ် ချုပ် တို့ လက်ထပ်ခဲ့ ကြပါ တယ်
လက်မထပ်ခင် ကါ လ လေး မှာ ပြေး ပြေး လွှါး လွှါး နဲ့ ပဲခူး ကို ရောက် လါချိန်
ဗိုလ် ချုပ် တို့ စုံ တွဲ့ တည တာ အိပ်စက် ဖို့ ပဲခူး မြို့ ကြိုး တံတါး
အဆင်း က ဇိုင်း ဂနှိုင်းရပ် (တ) က ဘော ဂဗလ ဆန် စက် သူ ဌေး ဦး အေး မောင် ရဲ့
အိမ် မှာပဲ ဗိုလ် ရန် နှိုင် တို့ က အ ရေး ပေါ် စီစဉ် ပေး လိုက် ရတဲ့ ဗိုလ်
ချုပ် တို့ ရဲ့ မင်္ဂလါဦး ည နေ အိမ် ကြီးပါ ထိမ်သိမ်း သင့်ပါ တယ် ပဲခူး မှာ
ဗိုလ် ချုပ် ပြ တိုက် လေး ဖြစ် ပေါ် လါ ရင် မ ကောင်း ပေဘူး လါးဗျာ တ လေါက
တေါ့ အဲ့ ဒီ့ အိမ် ကြီး ရောင်း ဖို့ စါချိတ် ထါး တါ တွေ့ လိုက်သေး တယ် အခု
ထိတော့ မူ လလက် ရာ တွေ တော်တော် များ များ ကျန် နေ သေး လို့ အချိန် မှီ ပါ
သေး တယ် လို့ ပဲခူးသူပဲခူး သါး တွေ နဲ့ ဗိုလ် ချုပ် ချစ်သူ တွေကို
အသိပေးပြီး နာမည် လေး ရွေး ပေး မယ် ဗိုလ်ချုပ်တို့ ဇနီး မောင် နှံရဲ့
၁၄.၂.၂၀၁၄ ဘယ်လင် တိုင်း ဒေး ပါ။
ပဲခူးမြို့နယ် အင်းတကော်မြို့ လမ်းဆုံမှာ ကိုရဲလွင် ကိုသားထွေးတို့ ဦဆောင်တဲ့လွတ်လပ်ငြိမ်းချမ်းပန်း ရဲ့လမ်းအဖွဲ့ဟာ အနာဂါတ်လူငယ်
်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီမနက်မှစတင်ကာ
် အနုပညာဖြင့် အလှုခံနေပြီဖြစ်ကြောင်းသိရသည်။
ပဲခူးမြိုတွင်းရှိ တင်ဂို လက်ဖက်ရည်ဆိုင် ငွေပုံကြီး ဆာကူယာ သန်းကြွယ် (ကျောက်တွင်းကုန်း) ရွက်လှ ရွှေရွက်လှေ ခမွန် လက်ဘက်ရည်ဆိုင်များကိုလည်းဆက်လက်တီးခတ်သီဆိုဖျော်ဖြေ ကာ အနုပညာဖြင်အလှုခံပြီး NLDလူငယ်ညီလာခံကျင်းပရေးကော်မရှင် ပဲခူးတိုင်းဒေသကြီး သို့ဆက်လက်လှုဒါန်းပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။့
လွန်ခဲ့သည့် နှစ် နှစ်ကျော်ကလည်း ပဲခူးခရိုင်အတွင်း ရေဘေးသင့်ဒုက္ခသည်များကိုလည်း ပဲခူးခရိုင်သဘာဝဘေးအန္တရာယ်ကွယ်စောင့်ရှောက်ရေး အဖွဲ့နှင့်ပူးပေါင်းကာ အနုပညာဖြင့်အလှုခံပြီး သနပ်ပင် ကဝ ဝေါ စသည့်မြို့နယ်များသို့ အလှုခံရငွေစုစုပေါင်း ၄၂ သိန်းကျော်အားအညီအမျှ ခွဲဝေလှုဒါန်းခဲ့ကြောင်းသိရသည်
၆ ၃ ၂၀၁၄ မှာ ပြည်သူ့ထံမှပြည်သူ့ထံသို့
လို့ကြွေးကြော်ထားတဲလွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ကို့
ကိုရဲလွင်ကိုသားထွေး တို့ဦးဆောင်ပြီး ပဲခူးမြို့တခွင်
လက်ဘက်ရည်ဆိုင်ပေါင်း ၈ဆိုင်ခန့်ကနေပြီး အနာဂါတ်လူငယ်ဖွံ့ဖြိုးရေး ရဲပုံငွေ
စုစုပေါင်း၁၉ သိန်းခန့်ရရှိသွားကြောင်းသိရသည်။
ယင်းငွေများကို nldပဲခူးတိုင်းဒေသကြီးလူငယ်ညီလာခံကျင်းပရေး
အတွက်သုံးစွဲသွားမည်ဖြစ်ပြီးလောလောဆယ်တွင် ဘဏ္ဍာရေးမှုး ဦးစိုးသီဟမှ
အများဆုံးဖြတ်ချက်နှင့်အညီ ဧရာဝတီဘဏ် တွင်စနစ်တကျ အပ်နှံထားကြောင်းသိရသည်။
ဖခင်
ဖြစ်သူ မှတစ်ဦး တညှ်း သ္မီး ဖြစ် သူ အါး ကာမမူ abuse လုပ်သည့် အမူ အါး
တရား ဥပ ဒေ ရှေ့ မှောက် သို့  စွဲ ချက် တင် သည့် အဆင့် ထိအောင် ပင် ရောက်
ရှိနိုင်ခြင်း မရှိသေး ပဲ ၉ လ ကြာမြင့် သည် အထိ အောင် ကြန့် ကြာ ၍ အမူ လမ်း
ကြောင်း ပြောင်း လဲ ပြီး ပုဒ်မ ၅၁၁
ကြိုတင် ကြံ စည်မှု နှုင့် သါ အဆုံး သတ် မည့် အခြေသို့ ဆိုက် ရောက် နေ သည့်
အတွတ် မိခင် ဖြစ်သူ မှ တရား ဥ ပဒေ စိုး မိုး ရေး နှုင့် တရား ဥ ပဒေ ၏ အကာအ
ကွယ် များ ရယူ လို ပါ သည် ဟု အကူ အညီ တောင်း ခံ လါ သည့် အ တွတ် လူ မှု ကွန်
ရက် မှ ပြည် သူ များ အား အကူ အညီ တောင်း ခံ လါ ပါ သည် ဒီသတင်း ကို ဂျာ နယ်
စါ မျက် နှာတွင် (မှုခင်း) ဖော် ပြ ခဲ့ သည့် ကလေါင် ရှင် မှု ခင်း ပဲခူး
သတင်း ထေါက် ရှင်းသန့် က အမှု ကြေ အေး ရန် ငွေ ကြေး ဖြင့် ညို နှိုင်း ခဲ့
သည် များ ကို သက် သေ အထေါက် အထါး ရရှိထါး ပါသည် ထိုအတွက် လါမည့် ရုံး
ခ်ျမ်း များ တွင် တရား သူ ကြီး ချ မှတ် သော စွဲ ချက် အမိန့်  များ နှုင့်
အမှု တွဲမြိတ္တူ များ အါး ဆက်လက် တင် ပြ ပါ မည် ကာယကံ ရှင် အသက် ၁၄ နှုစ် ရှိ
မိန်း ခလေး ၏ ပုံကို တင် ပြ ထါး ပါတယ် မိန်း ခလေး နှုင့် သှု မ ကိုယ် တိုင်
အမှု ဖြစ် စဉ် ကို ပြော ပြ သော video file ကို ပါတင် ပြလရန် ရှိပါ သည်
ဒီသတင်း အါး စိတ် ဝင် စါး သော သတင်း ဋ္ဌာ န များ နှုင့်  လှု ပ္ပုဂ္ဂို လ် များ က
ဆက် သွယ် အတည် ပြု ချက် ရယှု နှိုင် ပါ သည်။
ဆက်သွယ်ရန် Nyi Nyar Facebook( https://www.facebook.com/loveryboy.stn)
ပဲခူးတိုင်းဒေသကြီး သတင်းဆရာများအသင်းအစည်းအဝေးကို
ိုရှင်စောပု ရပ်ကွက်အဆိုပါ ရုံးတွင် ယနေ့မနက် ၁၀း၃၀နာရီမှာ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး သတင်းစာဆရာများအသင်း ဥက္ကဌ ဦးစိန်လှိုင်(စိန်လှိုင်ဗိုလ်)လွှတ်တော်တရားရှေ့နေ မှ မိုဘိုင်တင်း ကိစ္စ အသင်းရုံ့းတည်ဆောက်မည့် ကိစ္စ ဟံသာဝတီတိုင်း အပါတ်စဉ် ဂျာနယ်တစ်စောင်ထွက်ရှိရေးကိစ္စ အပါအဝင် သတင်းစာဆရာများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် ဆိုင်ရာများ ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူ အဖွဲ့ဝင်များမှလည်း ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ အလှည့်ကျ အကြံပေး ဆွေးနွေးမေးမြန်းကြကာ ကျင့်ဝတ်နှင့်မညီသော သတင်းထောက်များ အယာင်ဆောင်သတင်းထောက်များကိစ္စကိုလည်းအကျေအလည်ဆွေးနွေးညှိနိုင်းအပြီး
်အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်
ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်တွင် ၂၆ ၄ ၂၀၁၄ ရက်နေ၌ပြည်ထောင်စုလွှတ်တော်နာယက ပြည့်သူ
့လွှတ်တော်ဥက္ကဌသူရရွှေမန်းနှင့်တွေ့ဆုံပွဲ(လူထုတွေ့ဆုံပွဲ)ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည် ၎င်းတွေ့ဆုံပွဲခရီးစဉ်သို့ု့ သူရဦးရွှေမန်းအချိန်မှီမရောက်ရှိသဖြင့် လွှတ်တော်ဥက္ကဌကြီးကိုယ်စားပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဥာဏ်ဝင်းကမြို့နေလူထုနှင့်တွေ့ဆုံခဲ့သည်
မိုဘိုင်းတင်း(၂)တွင်တာဝန်ကျနေကြသော ၀န်ထမ်းများ ခင်ဗျာ....။
သမတကြီး ဦးသိန်းစိန်၏ အလိုဆန္ဒ အရ.....
ဂျူတီ မဲ့ ကားတစ်စီး လျှင် ၃ သိန်း ထက်မကျော်လွန်သော ငွေကို ယူ၍ ....
အဆင်ပြေသလို ဆောင်ရွက် နိုင်ပါကြောင်း မင်္ဂလာသတင်းစကား ပါးအပ်ပါသည်
ဝေါမြို့နယ်ကန်တော်ရပ်ကွကအတွင်း ရှိကေတုမတီလမ်းမှလျှပ်စစ်ဓါတ်မီးတိုင်များမီးမလင်းသည်မှာကြာမြင့်နေသည်ဟုကန်တော်ရပ်ကွက်သားတစ်ဦးထံကသတင်းရရှိသည်
"လမ်းကကျဉ်းတယ်လမ်းမီးတွေမလင်းေ တာ့ညဘက်ယာဉ်အန္တာရယ်ရှိလာနိုင်တယ် သွားလာရတာအဆင်မပြေဘူး" ဟု၎င်းရပ်ကွက်သိုအမြဲ့ ဖြတ်သန်းသွား လာနေသောဝေါမြို့ခံတစ်ဦးကဆိုသည် အဆိုပါကန်တော်ရပ်ကွက်ကေတုမတီလမ်းတွင်လျှပ်စစ်ဓါတ်တိုင် (၉ )ခန့် ရှိပြီးလမ်းမီးချောင်းများတစ်ေ ချာင်းမှမီးမလင်းကြောင်းတာဝန်ရှိသူများပြုပြင်သင့်ကြောင်း၎င်းကဆက် လက်ပြောသည်
"လမ်းကကျဉ်းတယ်လမ်းမီးတွေမလင်းေ
အရှေ့တောင်အာရှရဲ့အကြီးဆုံးလို့
သိရတဲ့ဒိုက်ဦးမွေးမြူရေးနှင့်အစာ
စပ်စက်ရုံဖျက်သိမ်းရေးစီမံကိန်းစပြီ
သမ္မတကြီးထံသို့အသနားခံစာတင်ထားသော်လည်း
သိရတဲ့ဒိုက်ဦးမွေးမြူရေးနှင့်အစာ
စပ်စက်ရုံဖျက်သိမ်းရေးစီမံကိန်းစပြီ
သမ္မတကြီးထံသို့အသနားခံစာတင်ထားသော်လည်း
အကြောင်းပြန်ခြင်းတစ်စုံတရာမသိရပေမဲ့၁ ၄ ၂၀၁၄
နေ့တွင်စစ်ကိုင်းအဖွဲ့များပြောင်းရွှေ့
ရတော့မည်ဘာတတ်နိုင်မလဲ
သူဆန်စားရဲရတော့မပေါ့နေရာ
ကောင်းနဲ့မိသားစုအတူနေဘို့ဆို
တာမဖြစ်နိုင်တော့ပြီ
သတင်းအတည်ပြုလိုသူများ
စစ်ကိုင်းပြောင်းရမည့်အဖွဲ့မှ
ကိုဇေယျာ၀၉၃၁၆၇၆၃၄၀နှင့်
စက်ရုံမှုးဒေါက်တာမြင့်ဝေ
၀၅၂၅၂၆၂၆၁၃များသို့မေးမြန်း
အတည်ပြုကြပါခင်ဗျား
—
နေ့တွင်စစ်ကိုင်းအဖွဲ့များပြောင်းရွှေ့
ရတော့မည်ဘာတတ်နိုင်မလဲ
သူဆန်စားရဲရတော့မပေါ့နေရာ
ကောင်းနဲ့မိသားစုအတူနေဘို့ဆို
တာမဖြစ်နိုင်တော့ပြီ
သတင်းအတည်ပြုလိုသူများ
စစ်ကိုင်းပြောင်းရမည့်အဖွဲ့မှ
ကိုဇေယျာ၀၉၃၁၆၇၆၃၄၀နှင့်
စက်ရုံမှုးဒေါက်တာမြင့်ဝေ
၀၅၂၅၂၆၂၆၁၃များသို့မေးမြန်း
အတည်ပြုကြပါခင်ဗျား
ဧပြီလ(၇)ရက်နေ့ နံနက် ၇း၃၀နာရီတွင် ပဲခူးမြို့ ဥဿာမြို့သစ်
ရပ်ကွက်ကြီး(၇) ရန်ကုန်-မန္တလေးလမ်းနှင့် သမိန်ဗရမ်းလမ်းဆုံ(ပြင်စီ)
တွင် မီးပွိုင့် ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး သက်ထွန်း၊ပဲခူးတိုင်းရဲမှူးကြီးမြ၀င်း၊ ယာဉ်ထိန်းရဲမှူး
ထိန်ဝင်း နှင့် တာဝန်ရှိသူများ၊မြို့မိမြို့ဖ များတက်ေ
ရာက်ကြပြီး မီးပွိုင့် တပ်ဆင်ရခြင်း အကြောင်းကို
ယာဉ်ထိန်းရဲမှူး ထိန်ဝင်းမှ အခမ်းအနား တက်ရောက်
လာသောသူများကို
ရှင်းလင်းပြောကြားခဲ့သည်။
ချင်းစက်ကွန်ကရစ်လမ်းကြီးခင်း
ပြီးခဲ့ပါသည်
လမ်းခင်းရန်လိုအပ်ပစ္စည်းများသယ်
ယူခြင်းနှင်ယန္တယားကြီးများသွားခဲ့
သောပေ၂၀၀၀ဝန်းကျင်ခန့်ရှိအလင်း
ရောင်ဈေးရှေ့ကျောက်ခင်းလမ်း
ပျက်စီးခဲ့ပါပြီနှစ်စဉ်ပြည်သူများ
မတည်လှူဒါန်းသောဆရာတော်များ
ထည့်ဝင်ငွေများဖြင့်ပြုပြင်ခဲ့ရာ
စည်ပင်မှတာဝန်ယူခဲ့ခြင်းမရှိခဲ့ပါ
ယခုနှစ်ပျက်စီးမှုမှာလွန်စွာများသွား
ပါပြီကိုစည်ပင်တို့တာဝန်ယူသင့်ပါပြီ
ဈေးသူဈေးသားများ မှမတည်ငွေ သိန်း၃၀ ကျပ်ခန့်ဖြင့် စတင်ပြီးလမ်းအစအဆုံး ကျပ်သိန်းပေါင်း၁၀၀ကျော် ကုန်ကျနိုင်သည်ဟု လမ်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးထွန်းမြင့်(ဗိုလ်ချာ)ကရှင်းပြသည်။
ဘယ်အဖွဲ့အစည်း ဘယ်အာဏာပိုင်တွေမှ ငွေပါဝင်ခြင်းမရှိပါဘူး ဈေးဝယ်သူတွေ ရပ်ကွက်အတွင်း ရှိစေတနာရှင်တွေ ကဘဲပါဝင်လှုဒါန်းကြပါတယ်။
ဦးနေ၀င်း ခေတ်ကစကားနဲ့ ပြောရင်တော့ ကိုယ်ထူကိုယ်ထပေါ့
ဦးသန်းရွှေ ခေတ် ကျတော့ ကိုယ်ထူကိုယ်ထ ဆိုတာလူမမာဆန်တယ် ကိုယ့်အားကိုယ်ကိုး လုပ်ပါတဲ့
ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ကို ၀ိုင်းပြီးတော့စုပေါင်းလှုဒါန်းကြပါဦးလို့တိုက်တွန်းပါရစေ
ဟု လမ်းဖြစ်မြောက်ရေးကော်မတီ ဘဏ်ဏာရေးမှုးဖြစ်သူ ဦးကြည်လင်းမှ ပြောသည်။
အလင်းရောင်၂ပြဿနာဖြစ်
နေသောခြံတွင်ရပ်ကွက်နေအများ
ပြည်သူများကန့်ကွက်မှုအားအသိ
အမှတ်ပြုအရေးယူမှုမတွေ့ရသေး
ပေမဲ့
ယနေ့ညတွင်ကျူးကျော်နေထိုင်
သူသည်ည၈ နာရီခန့်တွင်အ
ဆောက်အဦးပြုပြင်နေကြောင်း
သိရပါသည်ဥပဒေကိုလက်တစ်လုံး
ခြားကျူးလွန်နေသူကဘာကြောင့်
ဥပဒေအရအသာစီးရနေရတာလဲ
အကြံဥာဏ်များပေးကြပါခင်ဗျာ
ကျုံ့ရဲ့ကျေးရွာအုပ်ချုပ်ရေးမှူး
======================
ဘယ်သူလဲ
=========
ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ကျုံ့ကျေးရွာတွင(်၂၀၁၃) ခုနှစ်စ်နောက်ပိုင်းယခင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်တာဝန်မှနှုတ်ထွက်ပြီးချိန်မှစ၍အုပ်ချုပ်ရေးမှူးအသစ်ကို (၁)ကြိမ်ထက်မနည်းရွေးချယ်ခဲ့ကြောင်းကျုံ့ရဲ့ကျေးရွာသားတစ်ဦးကပြောသည်
အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြီးကြပ်တာဝန်ယူရန်ရပ်မိရပ်ဖ (၅) ဦးအရင်ရွေးချယ်ရကြောင်းအဆိုပါရပ်မိရပ်ဖ (၅) ဦးရွေးချယ်ရာမှအစပြု၍ပြေလည်မှုမရှိခြင်းကြောင့်ကျေးရွာတွင်ီဦးမြင့်ဌေးအား -ယာယီအုပ်ချုပ်နိုင်ရန်ကျေးရွာအုပ်ချုပ်ရေးရုံး၏တာဝန်များ(၇- ၁၀ -၂၀၁၃)လွှဲပြောင်းပေးအပ်ခဲ့သည်ဟုသိရှိရသည်
ဆက်လက်၍ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေပုဒ်မ(၁၆)ပုဒ်မခွဲ (က )အရလစ်လပ်အုပ်လျုပ်ရေးမှူးရောအား(၁)လအတွင်းရွေးချယ်ရမည်ဟုပြဌန်းထားသော်လည်း ယခုချိန်ထိအစားထိုးအုပ်ချုပ်ရေးမှူးအ သစ်အားအတည်ပြုနိုင်ခြင်းမရှိကြောင်း၎င်းကျေးရွာသားကဆိုသည်
"ရွာမှာခဏခဏရွေးတယ်မနေ့ကလည်းရွေးမယ်ဆိုလို့ ကျောင်းကိုလာရတယ်အလုပ်အကိုင်တွေလဲပျက်လှပြီ"
ကျေးရွာကမရှင်းနိုင်ရင်မြို့နယ်အဆင့်ကကြီးကြပ်ပြီးဥပဒေနှင့်အညီဆောင်ရွက်ပေးစေခြင်တယ်
ခုမင်းတို့ ရွာအုပ်ချုပ်ရေးမှူးဘယ်သူလဲဆိုရင်ဖြေဖို့ခက်နေတယ်ဟုအဆိုပါကျုံ့ရဲ့ကျေးရွာသားကဆိုသည်
တရားရုံးစာရေးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်
==============================================
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ စာရေး ၀န်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၄)ဖွင့်ပွဲကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် သင်တန်းခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ တက်ရောက်အမှာစကားပြောကြားရာတွင် “ရုံးလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းမှာ တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် စာရေးဝန်ထမ်းများအနေဖြင့် တရားစီရင်ရေးလုပ်ငန်းနှင့် တရားစီရင်ရေးနှင့်ဆက်နွယ်သော စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန်၊ ငွေစာရင်းနှင့် ထောက်ပံ့ လုပ်ငန်းဆိုင်ရာများကိုသိရှိနားလည်ပြီး ဆောင်ရွက်တတ်စေရန်၊ ပြည်သူများနှင့်ပြောဆိုဆက်ဆံရာ တွင် နူးညံ့၊ သိမ်းမွေ့ပြီး ပြည်သူအများကယုံကြည်ကိုးစားသည့် ၀န်ထမ်းများဖြစ်စေရန်၊ သင်တန်း တွင်ပို့ချမည့် ဆရာများအနေဖြင့် ၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ စာပေးစာယူကိစ္စ၊ တရားရုံးများ လက်စွဲများကို သေချာစွာသင်ကြားပေးရန်နှင့် သင်တန်းသားများအနေဖြင့်လည်း သင်တန်းပို့ချမှု များကို လေးလေးနက်နက်မှတ်သားကြရန်“လမ်းညွှန်မှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးတင်ဟုန်၊ ပဲခူးခရိုင်တရားသူကြီး ဦးအုန်းမြင့်နှင့် ဒုတိယခရိုင်တရားသူကြီးများ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ၊ သင်တန်းသား/သင်တန်းသူ (၃၉)ဦး တက်ရောက်ခဲ့ကြ ပြီး သင်တန်းကာလမှာ ရက်သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးအရှေ့ရေငံထွက်သောစိုင်တီ
ရွာကလေးသည်နှစ်စဉ်နွေရာသီ
အချိန်တွင်ရေရှားပါမှုပြဿနာဖြစ်
တတ်ပ့ါသည်ယခုနှစ်တွင်စေတနာ
ရှင်များနှင့်ရွာသူရွာသားများစုပေါင်း
လှူဒါန်းခဲ့ပုံမှာအရှည်ပေ၄၀၀၀ကျော်
ဝေးသောကတွင်းခြံရွာမှရေချိုတွင်း
တစ်တွင်းတူးပြီးရေစက်တစ်လုံး
တတ်ဆင်ပြီးရွာအရောက်ရေပေး
ဝေလှူထားပါတယ်
သာဓုခေါ်ထိုက်သောအလှူတစ်ခု
ဖြစ်သလိုရေချိုမရသောရွာများ
အတုယူသင့်တဲ့အလှူဖြစ်ကြောင်းတင်ပြအပ်ပါသည်
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် ဓါးခုတ်မှုဖြစ်ပွား
==========================
၁၁-၅-၂၀၁၄ ရက်နေ့ နံနက်(၉)နာရီတွင် ကျော်မင်းသူ(ခ)ကောင်းဘွိုင် (၃၁)နှစ် (ဘ)ဦးကျော်ဟန်၊ ဆံပင်ညှပ်၊ မ/၁၉၈၀၊ ဗဟိုစည်(၃)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့နေသူသည် နန်းတော်ရာရပ်ကွက်၊ ဒီပါရုံကျောင်းလမ်းရှိ ဆံပင်ညှပ်ဆိုင်တွင်ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ငဇော် (ခ)ဇော်ကြီးနှင့် ကုလားဖြူ(ခ)တင်ထွန်းအောင်တို့မှ ဓါးကိုင်၍ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၄င်းတို့နှစ်ဦးမှ အရိုးအသွား (၁)တောင်ခန့်ရှိ ဓါးရှည်ဖြင့် ၀င်ခုတ်ခဲ့၍ ကျော်မင်းသူ(ခ)ကောင်းဘွိုင် တွင် လက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ပဲခူးဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ဆေးကုသမှုခံယူနေရသဖြင့် ဓါးဖြင့်ဝင်ခုတ်သူ ငဇော်(ခ)ဇော်ကြီးနှင့် ကုလားဖြူ(ခ) တင်ထွန်းအောင်တို့အား ပဲခူးမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၆/၁၁၄ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အား ပြည်သူများဆက်သွယ်ဆောင်ရွက်နိုင်သော အဖွဲ့စည်းတစ်ချို့၏ ရာထူးအမည် ဌာနဖုန်းနံပါတ်များ
January 26, 2014 at 9:12pm
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အား ပြည်သူများဆက်သွယ်ဆောင်ရွက်နိုင်သော အဖွဲ့စည်းတစ်ချို့၏ ရာထူးအမည် ဌာနဖုန်းနံပါတ်များကို ပြည်သူများဆက်သွယ်နိုင်ရန် တင်ပြပေးလိုက်ပါတယ်
မြေအသုံးချရေးဆိုင်ရာ စီမံခန့်ခွဲမှု့ဆပ်ကော်မတီ
ဥက္ကဌ- ဦးရဲမြင့်ထွန်း(စည်ပင်သာရာရေးဝန်ကြီးဌာန၀န်ကြီး)
ရုံးဖုန်း -၀၅၂-၂၀၁၈၁၂
အိမ်- ၀၅၂-၂၀၁၈၂၂
လက်ကိုင်-၀၉ ၅၃၀၀၅၈၈
အတွင်းရေးမူး-ဦးမောင်မောင်သန်း(အတွင်းရေးမူး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)
ရုံး-၀၅၂-၂၀၀၇၈၉
အိမ်-၀၅၂-၂၁၂၁၅
လက်ကိုင်-၀၉-၅၃၀၀၀၀၃
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆပ်ကော်မတီ
ဥက္ကဌ။ ။ ၀န်ကြီး ဗိုလ်မှူးကြီးသက်ထွန်း(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး)
ရုံး- ၀၅၂-၂၀၁၈၁၁
အိမ်-၀၅၂-၂၀၁၈၂၁
လက်ကိုင်ဖုန်း-၀၉-၃၉၁၀၀၉၇၈
အတွင်းရေးမူး။ ။ရဲမူးကြီးမြ၀င်း
ရုံး- ၀၅၂-၂၁၁၂၂
အိမ်-၀၅၂-၂၁၅၇၀
လက်ကိုင်ဖုန်း-၀၉-၈၆၀၀၁၆၆
ပိုဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ
ဥက္ကဌ။ ။ဦးထွန်းဝေ(လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး)
ရုံး-၀၅၂-၂၀၁၈၁၆
အိမ်-၀၅၂-၁၀၂၈၂၆
လက်ကိုင်ဖုန်း-၀၉၇၃၀၁၆၅၁၉
အတွင်းရေးမှူး။ ။ဦးကျော်စိန်
ရုံး- ၀၅၂-၃၀၈၆၆
လက်ကိုင်ဖုန်း၀၉- ၅၁၁၈၆၅၀
ပညာရေး၊ကျန်းမားရေးနှင့် လှုမှု့ဖွံ့ဖြိုးရေးဆပ်ကော်မတီ
ဥက္ကဌ။ ။ဒေါက်တာကျော်ဦး(လူမှု့ရေး ၀န်ကြီးဌာန ၀န်ကြီး)
ရုံး-၀၅၂-၂၀၁၈၁၄
အိမ်-၀၅၂-၂၀၁၀၅၃
လက်ကိုင်ဖုန်း-၀၉၄၉၇၉၁၁၂၃
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာဆပ်ကော်မတီ
ီးတင်စိုး(စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး)
ရုံး-၀၅၂ ၂၀၁၈၁၉
အိမ်၀၅၂ ၂၀၁၈၂၉
လက်ကိုင်ဖုန်း-၀၉ ၄၅၈၀၂၈၇၇၇
အတွင်းရေးမှူး။ ။ဦးသိန်းလွင်
ရုံး-၀၅၂ ၂၂၆၆၈
လက်ကိုင်ဖုန်း-၀၉ ၈၃၀၀ ၇၆၆
စီမံကိန်းနှင့် ရင်းနှီးမြုတ်နှံမှု့ဆိုင်ရာဆပ်ကော်မတီ
ရုံး-၀၅၂ -၂၀၁၈၁၅
အိမ်-၀၅၂-၂၀၁၈၂၅
လက်ကိုင်ဖုန်း- ၀၉ ၄၃၀၀ ၇၇၇၂
အတွင်းရေးမူး ။ ။ဒေါ်မြင့်မြင့်ဝေ
ရုံး-၀၅၂ ၃၀၇၂၅
အိမ်-၀၅၂လ ၃၀၇၉၄
လက်ကိုင်ဖုန်း ၀၉ ၆၃၀၀ ၂၉၇
အစိုးရအဖွဲ့ရုံး Fax-052 200091,052-200092
Email;Sr.mgmg@gmail.com
ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာနှင့် ကျောင်းစုကျေးရွာများတွင် လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးမှုများဖြစ်
=====================================================
ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာနှင့် ကျောင်းစုကျေးရွာများတွင် ၁၀-၅-၂၀၁၄ ရက်နေ့ ညနေ (၅း၃၀)နာရီမှ (၆း၃၀)နာရီထိ မိုးရွာသွန်းပြီးလေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ခဲ့ပါသည်။ ရွှေလှေကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ် (၅)လုံး အမိုးလန်ခဲ့ပြီး၊ ရွှေလှေ အ.မ.က ကျောင်း အနောက်ဘက် အမြင့်(၅)ပေ၊ အလျာ(၁၀)ပေရှိ အုတ်တံတိုင်း ပြိုကျခဲ့ပါသည်။ ကျောင်းစု ကျေးရွာတွင် ဓနိမိုး၊ ထရံကာ၊ မြေစိုက် နေအိမ်(၁)လုံးနှင့် သွပ်မိုး၊ ထရံကာ နေအိမ်(၂)လုံး ပြိုကျခဲ့ပြီး ဓနိမိုး၊ ထရံကာနေအိမ်(၄)လုံးနှင့် သွပ်မိုး၊ ထရံကာနေအိမ် (၈)လုံးတို့ အမိုးလန်သွားခဲ့ပါသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဘိုး (၂၄၄၀၀၀၀ိ/-)ခန့် ဖြစ်ပြီး ပျက်စီးခဲ့သည့်နေအိမ်များမှ အိမ်ထောင်စု (၂၀)စု၊ ကျား (၄၈)ဦး၊ မ(၁၀၂)ဦးတို့မှာ နေအိမ်များ ပြန်လည်ပြုပြင်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးမြို့၊ ပန်းလှိုင်ကျုံးရိုးရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွား
============================
၁၂-၅-၂၀၁၄ ရက်နေ့ နံနက်(၃း၃၀)အချိန်တွင် ပဲခူးမြစ်ကူးတံတားဘက်မှ ပဲခူးမြို့တွင်းသို့ ဆန်းမင်းလူ (၁၇)နှစ် (ဘ)ဦးသောင်းထွေး၊ ဘိုကတော်ကျေးရွာ၊ ဝေါမြို့နေသူ မောင်းနှင်သည့် ၉ယ/၅၉၂၀၂ HONDA Wave အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှာ လမ်းညာဘက်ခြမ်းမှ မောင်းနှင်လာစဉ် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်၊ ကျုံးရိုးတန်းလမ်းထိပ်အရောက်တွင် ကျုံးရိုးတန်းလမ်း သွယ်မှ ရန်ကုန်-တောင်ငူလမ်းမကြီး၊ မြစ်ကူးတံတားဘက်သို့ အောင်ထက်မြတ်ဟိန်း (၁၆)နှစ် (ဘ)ဦး ကျော်မင်းသက်၊ ကမ်းနားလမ်း၊ ဇိုင်းတောင်ရပ်ကွက်နေသူမောင်းနှင်ပြီး နောက်ခုံတွင် ကောင်းထက်ပိုင် (၁၃)နှစ် (ဘ)ဦးထိန်လင်း၊ ကမ်းနားလမ်း၊ ဇိုင်းတောင်ရပ်ကွက်နေသူလိုက်ပါလာ သည့် ပခ/၆၇၈၇၁ JLM အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှ ချိုးကွေ့မောင်းနှင်သဖြင့် တိုက်မိခဲ့ရာ ဆန်းမင်းလူနှင့် အောင်ထက်မြတ်ဟိန်းတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်တက်ရောက် ဆေးကုသမှုခံယူနေရသဖြင့် ရှေ့နောက်မကြည့်ဘဲ ဆိုင်ကယ်အား မဆင်မခြင် ချိုးကွေ့မောင်းနှင်သူ အောင်ထက်မြတ်ဟိန်းအား ပဲခူးမြို့မရဲစခန်း ယာဉ် (ပ)၂၄/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးမြို့ နယ်ရွှေမောဓောစေတီပေါ်ကားနှင့် တက်သူများပဲခူးမြို့ နေလူထုမကျေနပ်
ပဲခူးသူသားတိုင်းမှာ တာဝန်ရှိ သည်။။။ ရွှေမော် ဓော ဆိုတာ ငါတို့ ပဲခူးသားတွေရဲ့ အသည်းနှလုံး ငါတို့ပဲခူးသားတွေရဲ့ အသက်ထက် တန်ဖိုးထားရာ စေင်္တီတော် မြတ် ကြီး ဘဲ။။။ ဒီစေတီတော်ကြီးပေါ်မှာ ဘယ်လို အကြောင်းနဲ့မှ ကားနဲ့မောင်း တက်တာ လုံးဝ လုံးဝ လက်မခံနိုင်ဘူး။။ ခုမြင်နေရတဲ့ ပုံရိပ်တွေက ငါတို့ ပဲခူးသူ/ သားတွေရဲ့ အသည်းနှလုံးကို ဆွဲကိုင် ဖြုတ်သလို ခံစားရတယ်။။ ဘယ် လို အကြောင်းနဲ့မှ ငါတို့ ဘုရားပေါ် ကားနဲ့တက်တာ လက်မခံနိုင်ဘူးဟေ့။။။။။ မျိုးမင်းမိုး ပဲခူး အင်းဝင်သား
Subscribe to:
Posts (Atom)