Thant Zin
https://www.facebook.com/thant.zin.50115161
အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် ပြိုင်ပွဲဝင်လက်ရာများ တိုင်းအဆင့် ဆုရွေးချယ်ခြင်းအခမ်းအနား
ကျင်းပ
================================================
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရဲရိပ်သာ၌ ၂၂-၅-၂၀၁၄ ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစကာ၊ ကွန်ပျူတာ(ပန်းချီ/ပိုစတာ)ပြိုင်ပွဲဝင်လက်ရာများ တိုင်းအဆင့် ဆုရွေးချယ်ခြင်းအခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်သန်း ခေါင်းဆောင်သည့် တိုင်းအဆင့်ဆုများ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့ ဖြင့် ပြိုင်ပွဲဝင် ပန်းချီ၊ ကာတွန်း၊ ပိုစကာ၊ ကွန်ပျူတာ(ပန်းချီ/ပိုစတာ) ပြိုင်ပွဲဝင် လက်ရာများအား အတည်ပြုရွေးချယ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း)ဒုရဲမှူးကြီး နိုင်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ပြိုင်ပွဲဝင်လက်ရာစိစစ်ရေးဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။

No comments:
Post a Comment