မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး
12 June 2014
မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့်
အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍
သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ်တွင်
ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း
အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို
အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။
ထိုစဉ် လျှပ်စီးလက်ပြီး
ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင် ကြေမွပျက်စီးခဲ့သည်။
ဖုန်းအတွင်းရှိ သံလိုက်ဓာတ်ပွင့်ကာ ခန္ဓာကိုယ်(သို့)ထိခိုက်မိပြီး ယင်းနေရာ၌
သေဆုံးနေခြင်းဖြစ်သည်။
‘‘ဖုန်းဖွင့်ထားချိန်ဆို ဖုန်းက နေ
လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်ပေးနေတယ်။ တာဝါတိုင်က နေလည်း
စက်ဝိုင်းပုံလှိုင်းထုတ် ပေးနေတာ ချိတ်မိတဲ့အခါ လိုင်း မိပြီး
ဖုန်းသုံးလို့ရတာ။ မိုးခြိမ်း လိုက်တဲ့အခါ အထူးသဖြင့် မိုး
ကြိုးပစ်လိုက်ရင် လျှပ်စစ်သံလိုက် စက်ကွင်းမိသွားတဲ့အခါ သံလိုက် ဓာတ်က
လူ့နှလုံးကို ရှော့ခ်ဝင်ပြီး နှလုံးရပ်လို့ သေသွားတာပဲ’’ ဟု မိုဘိုင်းဖုန်း
ကျွမ်းကျင်သူ ကိုအောင်သူရက ပြောသည်။
မိုးခြိမ်းသံကြားရပါက
လျှပ်စစ်ဓာတ် အသုံးပြုရသည့် မီးလုံး၊ မီးချောင်းများနှင့် ဟန်းဖုန်းကဲ့သို့
လှိုင်းလွှင့်ထုတ် အသုံးပြုရသည့် ပစ္စည်းများ
သံလိုက်စက်ကွင်းမိပြီးပျက်စီးတတ်သောကြောင့် ပိတ်ထားသင့်သည်ဟု သိရသည်။
https://www.facebook.com/thant.zin.50115161?fref=photo
No comments:
Post a Comment