ပဲခူးမြို့နယ်၊ ကလိကျေးရွာတွင် ရပ်ထားသည်ကားအား ကုန်တင်ကားမှ ၀င်တိုက်မှုဖြစ်
=========================================================
၁၁-၆-၂၀၁၄ ရက်နေ့ နံနက်(၆း၃၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊
အ၀ိုင်းကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်၊ ၅၄/၀ နှင့် ၅၄/၁
အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကျော်နိုင် (၄၉)နှစ် (ဘ)ဦးကြည်၊
(၆)လမ်း၊ မြို့သစ်(က)ရပ်ကွက်၊ ဒိုက်ဦးမြို့နေသူမောင်းနှင်လာသော 2A/xxxx
ဟိုင်းလတ် အဖြူ ရောင် အမှတ်(၅)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည်
ခရီးသည်ဆင်းရန်ရပ်ထားစဉ် ယာဉ်ကြောတစ်ကြော
တည်း အနောက်ဘက်မှ စိုးညွန့်အောင် (၄၇)နှစ် (ဘ)ဦးတင်အောင်၊
အမှတ်(၁၆)ရပ်ကွက်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာသည့် 3G/xxxx
နစ်ဆန်း(၁၂)ဘီး ဖြူပြာကြား ကုန်တင်ယာဉ်မှ ၀င်တိုက်မိသဖြင့် ကုန်တင်ယာဉ်
မှာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျသွားပြီး ဟိုင်းလတ်ယာဉ်ပေါ်ပါ ခရီးသည်
ကျား (၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရရှိသဖြင့်
ယာဉ်အားပေါ့ဆစွာမဆင်မခြင်မောင်းနှင်သူ စိုးညွန့်အောင်အား
ပဲခူးမြို့မရဲစခန်း ယာဉ် (ပ)၃၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၇/၃၃၈ အရ
အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
https://www.facebook.com/photo.php?fbid=337946193025014&set=a.144354445717524.32127.100004289080333&type=1
No comments:
Post a Comment