Friday, May 23, 2014

Thant Zin
https://www.facebook.com/thant.zin.50115161
ပဲခူးမြို့မရဲစခန်းအပိုင်တွင် (၂)ရက်အတွင်း ယာဉ်တိမ်းမှောက်မှု (၄)ကြိမ်ဖြစ်ပွား
==========================================
ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်တွင် ၁၉-၅-၂၀၁၄ ရက်နေ့ နှင့် ၂၀-၅-၂၀၁၄ ရက်နေ့များတွင် ခရီးသည်တင်ဆောင်လာသည့် ဟိုင်းလတ်ယာဉ် (၄)ကြိမ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပွားပုံမှာ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် လမ်းမကြီးချဲ့ရန်အတွက် လမ်းပုခုံးတွင် ဖို့ထားသော မြေကြီးများသည် အသားမသေဘဲ မိုးရွာသည့်အခါ၌ လမ်းပေါ်သို့ ရွံ့များဖြစ်ကာ လမ်းပေါ်သို့ရောက်ရှိ ပြီး လမ်းမကြီးပေါ်တွင် အရှိန်ဖြင့်မောင်းနှင်လာသော မော်တော်ယာဉ်များမှာ ရွံ့ ဖြင့်ချော်ကာ အရှိန် မထိန်းနိုင်ဘဲ စလစ်ဖြစ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယာဉ်တိမ်းမှောက်မှုများကြောင့် ခရီးသည်များ သေပျောက်မှုမရှိသော်လည်း ယာဉ်တိမ်းမှောက်မှု (၄)ကြိမ်တွင် လူ(၃၀)ထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်တိုင်းတွင် ယာဉ်မောင်းများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment