ပဲခူးမြို့၊ ပန်းလှိုင်ကျုံးရိုးရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွား
============================
၁၂-၅-၂၀၁၄ ရက်နေ့ နံနက်(၃း၃၀)အချိန်တွင် ပဲခူးမြစ်ကူးတံတားဘက်မှ ပဲခူးမြို့တွင်းသို့ ဆန်းမင်းလူ (၁၇)နှစ် (ဘ)ဦးသောင်းထွေး၊ ဘိုကတော်ကျေးရွာ၊ ဝေါမြို့နေသူ မောင်းနှင်သည့် ၉ယ/၅၉၂၀၂ HONDA Wave အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှာ လမ်းညာဘက်ခြမ်းမှ မောင်းနှင်လာစဉ် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်၊ ကျုံးရိုးတန်းလမ်းထိပ်အရောက်တွင် ကျုံးရိုးတန်းလမ်း သွယ်မှ ရန်ကုန်-တောင်ငူလမ်းမကြီး၊ မြစ်ကူးတံတားဘက်သို့ အောင်ထက်မြတ်ဟိန်း (၁၆)နှစ် (ဘ)ဦး ကျော်မင်းသက်၊ ကမ်းနားလမ်း၊ ဇိုင်းတောင်ရပ်ကွက်နေသူမောင်းနှင်ပြီး နောက်ခုံတွင် ကောင်းထက်ပိုင် (၁၃)နှစ် (ဘ)ဦးထိန်လင်း၊ ကမ်းနားလမ်း၊ ဇိုင်းတောင်ရပ်ကွက်နေသူလိုက်ပါလာ သည့် ပခ/၆၇၈၇၁ JLM အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှ ချိုးကွေ့မောင်းနှင်သဖြင့် တိုက်မိခဲ့ရာ ဆန်းမင်းလူနှင့် အောင်ထက်မြတ်ဟိန်းတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်တက်ရောက် ဆေးကုသမှုခံယူနေရသဖြင့် ရှေ့နောက်မကြည့်ဘဲ ဆိုင်ကယ်အား မဆင်မခြင် ချိုးကွေ့မောင်းနှင်သူ အောင်ထက်မြတ်ဟိန်းအား ပဲခူးမြို့မရဲစခန်း ယာဉ် (ပ)၂၄/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment