ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် ဓါးခုတ်မှုဖြစ်ပွား
==========================
၁၁-၅-၂၀၁၄ ရက်နေ့ နံနက်(၉)နာရီတွင် ကျော်မင်းသူ(ခ)ကောင်းဘွိုင် (၃၁)နှစ် (ဘ)ဦးကျော်ဟန်၊ ဆံပင်ညှပ်၊ မ/၁၉၈၀၊ ဗဟိုစည်(၃)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့နေသူသည် နန်းတော်ရာရပ်ကွက်၊ ဒီပါရုံကျောင်းလမ်းရှိ ဆံပင်ညှပ်ဆိုင်တွင်ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ ငဇော် (ခ)ဇော်ကြီးနှင့် ကုလားဖြူ(ခ)တင်ထွန်းအောင်တို့မှ ဓါးကိုင်၍ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၄င်းတို့နှစ်ဦးမှ အရိုးအသွား (၁)တောင်ခန့်ရှိ ဓါးရှည်ဖြင့် ၀င်ခုတ်ခဲ့၍ ကျော်မင်းသူ(ခ)ကောင်းဘွိုင် တွင် လက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ပဲခူးဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ဆေးကုသမှုခံယူနေရသဖြင့် ဓါးဖြင့်ဝင်ခုတ်သူ ငဇော်(ခ)ဇော်ကြီးနှင့် ကုလားဖြူ(ခ) တင်ထွန်းအောင်တို့အား ပဲခူးမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၆/၁၁၄ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment