Tuesday, May 13, 2014
ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာနှင့် ကျောင်းစုကျေးရွာများတွင် လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးမှုများဖြစ်
=====================================================
ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာနှင့် ကျောင်းစုကျေးရွာများတွင် ၁၀-၅-၂၀၁၄ ရက်နေ့ ညနေ (၅း၃၀)နာရီမှ (၆း၃၀)နာရီထိ မိုးရွာသွန်းပြီးလေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ခဲ့ပါသည်။ ရွှေလှေကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ် (၅)လုံး အမိုးလန်ခဲ့ပြီး၊ ရွှေလှေ အ.မ.က ကျောင်း အနောက်ဘက် အမြင့်(၅)ပေ၊ အလျာ(၁၀)ပေရှိ အုတ်တံတိုင်း ပြိုကျခဲ့ပါသည်။ ကျောင်းစု ကျေးရွာတွင် ဓနိမိုး၊ ထရံကာ၊ မြေစိုက် နေအိမ်(၁)လုံးနှင့် သွပ်မိုး၊ ထရံကာ နေအိမ်(၂)လုံး ပြိုကျခဲ့ပြီး ဓနိမိုး၊ ထရံကာနေအိမ်(၄)လုံးနှင့် သွပ်မိုး၊ ထရံကာနေအိမ် (၈)လုံးတို့ အမိုးလန်သွားခဲ့ပါသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဘိုး (၂၄၄၀၀၀၀ိ/-)ခန့် ဖြစ်ပြီး ပျက်စီးခဲ့သည့်နေအိမ်များမှ အိမ်ထောင်စု (၂၀)စု၊ ကျား (၄၈)ဦး၊ မ(၁၀၂)ဦးတို့မှာ နေအိမ်များ ပြန်လည်ပြုပြင်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment