တရားရုံးစာရေးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်
==============================================
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ စာရေး ၀န်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ်
(၁/၂၀၁၄)ဖွင့်ပွဲကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် သင်တန်းခန်းမ၌ကျင်းပရာ
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ
တက်ရောက်အမှာစကားပြောကြားရာတွင်
“ရုံးလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းမှာ တရားရုံးများတွင်
တာဝန်ထမ်းဆောင်နေကြသည့် စာရေးဝန်ထမ်းများအနေဖြင့်
တရားစီရင်ရေးလုပ်ငန်းနှင့် တရားစီရင်ရေးနှင့်ဆက်နွယ်သော
စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကို
ထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန်၊ ငွေစာရင်းနှင့် ထောက်ပံ့
လုပ်ငန်းဆိုင်ရာများကိုသိရှိနားလည်ပြီး ဆောင်ရွက်တတ်စေရန်၊
ပြည်သူများနှင့်ပြောဆိုဆက်ဆံရာ တွင် နူးညံ့၊ သိမ်းမွေ့ပြီး
ပြည်သူအများကယုံကြည်ကိုးစားသည့် ၀န်ထမ်းများဖြစ်စေရန်၊ သင်တန်း
တွင်ပို့ချမည့် ဆရာများအနေဖြင့် ၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ စာပေးစာယူကိစ္စ၊
တရားရုံးများ လက်စွဲများကို သေချာစွာသင်ကြားပေးရန်နှင့်
သင်တန်းသားများအနေဖြင့်လည်း သင်တန်းပို့ချမှု များကို
လေးလေးနက်နက်မှတ်သားကြရန်“လမ်းညွှန်မှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး
ဦးတင်ဟုန်၊ ပဲခူးခရိုင်တရားသူကြီး ဦးအုန်းမြင့်နှင့်
ဒုတိယခရိုင်တရားသူကြီးများ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ
မြို့နယ်တရားသူကြီးများ၊ သင်တန်းသား/သင်တန်းသူ (၃၉)ဦး တက်ရောက်ခဲ့ကြ ပြီး
သင်တန်းကာလမှာ ရက်သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment