မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း
12 June 2014
သမ္မတဦးသိန်းစိန်လက် ထက်တွင် ပထမဆုံးအကြိမ်အ ဖြစ်
အခြားနိုင်ငံသားခံယူထား သည့် မြန်မာလူမျိုးနှစ်ယောက်ကို
အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြားနိုင်ငံ၌ ရောက်ရှိနေသည့်
နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို
အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို
ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား
အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်မွေးဖွားပြီး
အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန်
နိုင်ငံသားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို
မြန်မာနိုင်ငံသို့ပြေးဆွဲနေသော နိုင်ငံတကာလေကြောင်းလိုင်းများတွင်
တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
‘‘အခုမှ
အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို
ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့ မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့
ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်လက ဗီဇာသက်တမ်းလွန်
နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန်
အကြောင်းကြားခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင်
ရောက်ရှိနေခြင်းဖြစ်သည်။
‘‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို
တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ
လက်ရှိငြိမ်းချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ
ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်လုံးပွင့်ပွင့်
လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု
ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် မိုးသီးဇွန်ကအွန်လိုင်းမှ
တစ်ဆင့်ပြောကြားသည်။
ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ
မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်ထားခဲ့သော်
လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန်
ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း မည်သည့်အချိန်တွင်
ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း
မိုးသီးဇွန်ကပြောသည်။
ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို
ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်အဖြစ်
အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။
သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ ခြောက်ထောင်ကျော်အနက် နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။
Author: အိဖြူမွန်
7Day Daily
https://www.facebook.com/thant.zin.50115161?fref=photo
ပဲခူးတိုင်းဒေသကြီးလူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာသတင်းများ
Thursday, June 12, 2014
မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး
12 June 2014
မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။
ထိုစဉ် လျှပ်စီးလက်ပြီး ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင် ကြေမွပျက်စီးခဲ့သည်။ ဖုန်းအတွင်းရှိ သံလိုက်ဓာတ်ပွင့်ကာ ခန္ဓာကိုယ်(သို့)ထိခိုက်မိပြီး ယင်းနေရာ၌ သေဆုံးနေခြင်းဖြစ်သည်။
‘‘ဖုန်းဖွင့်ထားချိန်ဆို ဖုန်းက နေ လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်ပေးနေတယ်။ တာဝါတိုင်က နေလည်း စက်ဝိုင်းပုံလှိုင်းထုတ် ပေးနေတာ ချိတ်မိတဲ့အခါ လိုင်း မိပြီး ဖုန်းသုံးလို့ရတာ။ မိုးခြိမ်း လိုက်တဲ့အခါ အထူးသဖြင့် မိုး ကြိုးပစ်လိုက်ရင် လျှပ်စစ်သံလိုက် စက်ကွင်းမိသွားတဲ့အခါ သံလိုက် ဓာတ်က လူ့နှလုံးကို ရှော့ခ်ဝင်ပြီး နှလုံးရပ်လို့ သေသွားတာပဲ’’ ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်သူ ကိုအောင်သူရက ပြောသည်။
မိုးခြိမ်းသံကြားရပါက လျှပ်စစ်ဓာတ် အသုံးပြုရသည့် မီးလုံး၊ မီးချောင်းများနှင့် ဟန်းဖုန်းကဲ့သို့ လှိုင်းလွှင့်ထုတ် အသုံးပြုရသည့် ပစ္စည်းများ သံလိုက်စက်ကွင်းမိပြီးပျက်စီးတတ်သောကြောင့် ပိတ်ထားသင့်သည်ဟု သိရသည်။

ပဲခူးမြို့နယ်၊ ကလိကျေးရွာတွင် ရပ်ထားသည်ကားအား ကုန်တင်ကားမှ ၀င်တိုက်မှုဖြစ်
=========================================================
၁၁-၆-၂၀၁၄ ရက်နေ့ နံနက်(၆း၃၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊ အ၀ိုင်းကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်၊ ၅၄/၀ နှင့် ၅၄/၁ အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကျော်နိုင် (၄၉)နှစ် (ဘ)ဦးကြည်၊ (၆)လမ်း၊ မြို့သစ်(က)ရပ်ကွက်၊ ဒိုက်ဦးမြို့နေသူမောင်းနှင်လာသော 2A/xxxx ဟိုင်းလတ် အဖြူ ရောင် အမှတ်(၅)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ခရီးသည်ဆင်းရန်ရပ်ထားစဉ် ယာဉ်ကြောတစ်ကြော တည်း အနောက်ဘက်မှ စိုးညွန့်အောင် (၄၇)နှစ် (ဘ)ဦးတင်အောင်၊ အမှတ်(၁၆)ရပ်ကွက်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာသည့် 3G/xxxx နစ်ဆန်း(၁၂)ဘီး ဖြူပြာကြား ကုန်တင်ယာဉ်မှ ၀င်တိုက်မိသဖြင့် ကုန်တင်ယာဉ် မှာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျသွားပြီး ဟိုင်းလတ်ယာဉ်ပေါ်ပါ ခရီးသည် ကျား (၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရရှိသဖြင့် ယာဉ်အားပေါ့ဆစွာမဆင်မခြင်မောင်းနှင်သူ စိုးညွန့်အောင်အား ပဲခူးမြို့မရဲစခန်း ယာဉ် (ပ)၃၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
https://www.facebook.com/photo.php?fbid=337946193025014&set=a.144354445717524.32127.100004289080333&type=1

Friday, May 23, 2014
မိုးရာသီလျက်စစ်မီးပျက်ခြင်း
အဖြေရှာကြည့်ခြင်း
သွယ်တန်းထားသောလျက်စစ်မီးကြိုးများအောက်တွင်စိုက်ပျိုးထား
သောသစ်ပင်သစ်ကိုင်းများအား
ရှင်းလင်းခြင်းမရှိခြင်း လေတိုက်မှုကြောင့်မီးကြိုးများအား
သစ်ကိုင်းပွတ်တိုက်၍လိုင်းဖော့ဖြစ်
နိုင်ပါသည် ယနေ့လျက်စစ်ဝန်ထမ်းများသည်
လိုင်းသန့်ရှင်းရေးအားပြုလုပ်ခြင်း
မရှိပါလူအင်အားမရှိကြောင်းအ
ကြောင်းပြကြပါသည်လက်ဘက်
ရည်ဘိုးရနိုင်မည့်အလုပ်ဆိုလျင်
အားကြိုးမန်တတ်လုပ်ကြပါသည်
မိုးရွာလျင်လိုင်းဖော့ဖြစ်မှာဆိုး၍
လိုင်းအားကြိုတင်ပိတ်တဲ့အကျင့်
လုပ်ကြပါသည်
အမှန်ဆိုပွင့်လင်ရာသီတွင်လိုင်းသန့်ရှင်းရေးလုပ်သင့်ပ့ါသည်
ပိုင်ရှင်ရှ်သောသစ်ပင်များအားသန့်
ရှင်းရေးလုပ်ခိုင်းသင့်ကြောင်း
ဥာဏ်မီသလောက်အကြံပြုပါသည်

https://www.facebook.com/thant.zin.50115161
ပဲခူးပြည်သူ့ဆေးရုံက ကွက်လပ်ကလေးဖြည့်ပေးပါ.....
===================================
ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ယခုရက်ပိုင်းအတွင်း နာမကျန်းလူနာများ၊ ခိုက်ရန်ဒေါသဖြစ်၍ ရောက်ရှိလာသောလူနာများ၊ ယာဉ်တိုက်/တိမ်းမှောက်မှုများဖြင့် ရောက်ရှိလာသောလူနာများနှင့် ဆေးရုံကြီးတွင် ကုတင်မဆံ့၊ အခန်းမဆံ့အောင်ဖြစ်နေပါသည်။ အဆိုးဆုံးကတော့ ဓါတ်မှန်ရိုက်ဌာနမှ ဓါတ်မှန်စက်မှာ ၁၄-၅-၂၀၁၄ ရက်နေ့မှ ယနေ့အထိ စက်ချို့ယွင်းကာ ဓါတ်မှန်ရိုက်မရသဖြင့် ဓါတ်မှန်ရိုက်ရန်လိုအပ်သော လူနာများအား အပြင်ပုဂ္ဂလိကဌာနတွင်သာ သွားရောက်ဓါတ်မှန်ရိုက် နေရပါသည်။ ဓါတ်မှန်ရိုက်ခငွေမှာ ၇၀၀၀ ကျပ်ခန့်သာ ကုန်ကျသော်လည်း လူနာများ ပြင်ပပုဂ္ဂလိကဌာနတွင် သွားရောက်ရိုက်ရခြင်းကြောင့် သွားလာရာတွင် အခက်အခဲရှိခြင်း၊ နေပူလိုက် မိုးရွာလိုက်ဖြစ်ခြင်းတို့ကြောင့် လူနာများ အခြားရောဂါများပါ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများနှင့် ပဲခူးမြို့နေ ငွေကြေးပြည့်စုံသောစေတနာရှင်များ ပူးပေါင်းပြီး ပဲခူးဆေးရုံကြီး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ပါရန် လေးစားစွာ အကြံပြုရေးသားလိုက်ရပါသည်။

Thant Zin
https://www.facebook.com/thant.zin.50115161
ပဲခူးမြို့မရဲစခန်းအပိုင်တွင် (၂)ရက်အတွင်း ယာဉ်တိမ်းမှောက်မှု (၄)ကြိမ်ဖြစ်ပွား
==========================================
ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်တွင် ၁၉-၅-၂၀၁၄ ရက်နေ့ နှင့် ၂၀-၅-၂၀၁၄ ရက်နေ့များတွင် ခရီးသည်တင်ဆောင်လာသည့် ဟိုင်းလတ်ယာဉ် (၄)ကြိမ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပွားပုံမှာ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် လမ်းမကြီးချဲ့ရန်အတွက် လမ်းပုခုံးတွင် ဖို့ထားသော မြေကြီးများသည် အသားမသေဘဲ မိုးရွာသည့်အခါ၌ လမ်းပေါ်သို့ ရွံ့များဖြစ်ကာ လမ်းပေါ်သို့ရောက်ရှိ ပြီး လမ်းမကြီးပေါ်တွင် အရှိန်ဖြင့်မောင်းနှင်လာသော မော်တော်ယာဉ်များမှာ ရွံ့ ဖြင့်ချော်ကာ အရှိန် မထိန်းနိုင်ဘဲ စလစ်ဖြစ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယာဉ်တိမ်းမှောက်မှုများကြောင့် ခရီးသည်များ သေပျောက်မှုမရှိသော်လည်း ယာဉ်တိမ်းမှောက်မှု (၄)ကြိမ်တွင် လူ(၃၀)ထက်မနည်း ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်တိုင်းတွင် ယာဉ်မောင်းများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် ပြိုင်ပွဲဝင်လက်ရာများ တိုင်းအဆင့် ဆုရွေးချယ်ခြင်းအခမ်းအနား
ကျင်းပ
================================================
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရဲရိပ်သာ၌ ၂၂-၅-၂၀၁၄ ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစကာ၊ ကွန်ပျူတာ(ပန်းချီ/ပိုစတာ)ပြိုင်ပွဲဝင်လက်ရာများ တိုင်းအဆင့် ဆုရွေးချယ်ခြင်းအခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်သန်း ခေါင်းဆောင်သည့် တိုင်းအဆင့်ဆုများ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့ ဖြင့် ပြိုင်ပွဲဝင် ပန်းချီ၊ ကာတွန်း၊ ပိုစကာ၊ ကွန်ပျူတာ(ပန်းချီ/ပိုစတာ) ပြိုင်ပွဲဝင် လက်ရာများအား အတည်ပြုရွေးချယ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း)ဒုရဲမှူးကြီး နိုင်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ပြိုင်ပွဲဝင်လက်ရာစိစစ်ရေးဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။

Subscribe to:
Posts (Atom)