မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း
12 June 2014
သမ္မတဦးသိန်းစိန်လက် ထက်တွင် ပထမဆုံးအကြိမ်အ ဖြစ်
အခြားနိုင်ငံသားခံယူထား သည့် မြန်မာလူမျိုးနှစ်ယောက်ကို
အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြားနိုင်ငံ၌ ရောက်ရှိနေသည့်
နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို
အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို
ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား
အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်မွေးဖွားပြီး
အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန်
နိုင်ငံသားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို
မြန်မာနိုင်ငံသို့ပြေးဆွဲနေသော နိုင်ငံတကာလေကြောင်းလိုင်းများတွင်
တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
‘‘အခုမှ
အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို
ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့ မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့
ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်လက ဗီဇာသက်တမ်းလွန်
နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန်
အကြောင်းကြားခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင်
ရောက်ရှိနေခြင်းဖြစ်သည်။
‘‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို
တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ
လက်ရှိငြိမ်းချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ
ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်လုံးပွင့်ပွင့်
လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု
ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် မိုးသီးဇွန်ကအွန်လိုင်းမှ
တစ်ဆင့်ပြောကြားသည်။
ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ
မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်ထားခဲ့သော်
လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန်
ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း မည်သည့်အချိန်တွင်
ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း
မိုးသီးဇွန်ကပြောသည်။
ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို
ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်အဖြစ်
အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။
သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ ခြောက်ထောင်ကျော်အနက် နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။
Author: အိဖြူမွန်
7Day Daily
https://www.facebook.com/thant.zin.50115161?fref=photo
Thursday, June 12, 2014
မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး
12 June 2014
မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။
ထိုစဉ် လျှပ်စီးလက်ပြီး ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင် ကြေမွပျက်စီးခဲ့သည်။ ဖုန်းအတွင်းရှိ သံလိုက်ဓာတ်ပွင့်ကာ ခန္ဓာကိုယ်(သို့)ထိခိုက်မိပြီး ယင်းနေရာ၌ သေဆုံးနေခြင်းဖြစ်သည်။
‘‘ဖုန်းဖွင့်ထားချိန်ဆို ဖုန်းက နေ လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်ပေးနေတယ်။ တာဝါတိုင်က နေလည်း စက်ဝိုင်းပုံလှိုင်းထုတ် ပေးနေတာ ချိတ်မိတဲ့အခါ လိုင်း မိပြီး ဖုန်းသုံးလို့ရတာ။ မိုးခြိမ်း လိုက်တဲ့အခါ အထူးသဖြင့် မိုး ကြိုးပစ်လိုက်ရင် လျှပ်စစ်သံလိုက် စက်ကွင်းမိသွားတဲ့အခါ သံလိုက် ဓာတ်က လူ့နှလုံးကို ရှော့ခ်ဝင်ပြီး နှလုံးရပ်လို့ သေသွားတာပဲ’’ ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်သူ ကိုအောင်သူရက ပြောသည်။
မိုးခြိမ်းသံကြားရပါက လျှပ်စစ်ဓာတ် အသုံးပြုရသည့် မီးလုံး၊ မီးချောင်းများနှင့် ဟန်းဖုန်းကဲ့သို့ လှိုင်းလွှင့်ထုတ် အသုံးပြုရသည့် ပစ္စည်းများ သံလိုက်စက်ကွင်းမိပြီးပျက်စီးတတ်သောကြောင့် ပိတ်ထားသင့်သည်ဟု သိရသည်။

ပဲခူးမြို့နယ်၊ ကလိကျေးရွာတွင် ရပ်ထားသည်ကားအား ကုန်တင်ကားမှ ၀င်တိုက်မှုဖြစ်
=========================================================
၁၁-၆-၂၀၁၄ ရက်နေ့ နံနက်(၆း၃၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊ အ၀ိုင်းကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်၊ ၅၄/၀ နှင့် ၅၄/၁ အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကျော်နိုင် (၄၉)နှစ် (ဘ)ဦးကြည်၊ (၆)လမ်း၊ မြို့သစ်(က)ရပ်ကွက်၊ ဒိုက်ဦးမြို့နေသူမောင်းနှင်လာသော 2A/xxxx ဟိုင်းလတ် အဖြူ ရောင် အမှတ်(၅)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ခရီးသည်ဆင်းရန်ရပ်ထားစဉ် ယာဉ်ကြောတစ်ကြော တည်း အနောက်ဘက်မှ စိုးညွန့်အောင် (၄၇)နှစ် (ဘ)ဦးတင်အောင်၊ အမှတ်(၁၆)ရပ်ကွက်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာသည့် 3G/xxxx နစ်ဆန်း(၁၂)ဘီး ဖြူပြာကြား ကုန်တင်ယာဉ်မှ ၀င်တိုက်မိသဖြင့် ကုန်တင်ယာဉ် မှာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျသွားပြီး ဟိုင်းလတ်ယာဉ်ပေါ်ပါ ခရီးသည် ကျား (၁)ဦး၊ မ(၃)ဦးတို့ ဒဏ်ရာရရှိသဖြင့် ယာဉ်အားပေါ့ဆစွာမဆင်မခြင်မောင်းနှင်သူ စိုးညွန့်အောင်အား ပဲခူးမြို့မရဲစခန်း ယာဉ် (ပ)၃၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
https://www.facebook.com/photo.php?fbid=337946193025014&set=a.144354445717524.32127.100004289080333&type=1

Subscribe to:
Posts (Atom)